About The Trademark Law
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ ဆော့ဝဲကို အသုံးပြုသူအားလုံး မင်္ဂလာပါ။
၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့ အဲ့ဒီဥပဒေကို အကောင်အထည်ဖော်မယ့် တစ်ဆင့်ခံဥပဒေများနဲ့ ဥပဒေ အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်ကို ဆော့ဝဲအသုံးပြုသူများ လေ့လာဖို့ လွယ်ကူစေဖို့ ထည့်သွင်းပေးထားပါတယ်။
ဒီ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ ဆော့ဝဲကနေ ဘာတွေကို လွယ်လွယ်ကူကူ ရနိုင်မလဲဆိုရင်တော့ -
ဥပဒေတွေကို ဖတ်ရင်း မိမိကိုးကားလိုတဲ့ ပုဒ်မတွေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရှိရင် My Favorites ကဏ္ဍမှာ စုစည်းနိုင်ခြင်း
နောက်ထပ် တစ်ခုကတော့ Note ထဲမှာလည်း မိမိနှစ်သက်တဲ့ Folder အမည်ပေးပြီးစုစည်းနိုင်ခြင်း၊
ဒါ့အပြင် မိမိနှစ်သက်တဲ့ ပုဒ်မ သို့မဟုတ် ပုဒ်မခွဲတစ်ခုစီကို ကော်ပီ(Copy)ကူးယူခြင်း၊ Share တာတွေကိုလည်း လုပ်နိုင်ခြင်း
နောက်တစ်ခုကတော့ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများမှာပါရှိတဲ့ စကားလုံးတွေကို ရှာဖွေနိုင်ခြင်း ၊ ဥပဒေပုဒ်မအလိုက် ရှာဖွေနိုင်ခြင်း၊
နောက်ဆက်တွဲထုတ်ပြန်မယ့် တစ်ဆင့်ခံဥပဒေများကိုလည်း တစ်စုတစ်စည်းထဲ လေ့လာကြည့်ရှုနိုင်ခြင်း၊
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့ ဆက်စပ်နေတဲ့ ကိစ္စရပ်တွေကို သိမှတ်ဖွယ်ရာ ဆောင်းပါးများအနေနဲ့ လေ့လာဖတ်ရှု့နိုင်ခြင်း။
ဒီဆော့ဝဲဟာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တစ်ဆင့်ခံဥပဒေများ၊ လေ့လာရ လွယ်ကူ အဆင်ပြေစေရန်နဲ့ ရေးသားထားတဲ့ ဆောင်းပါးများကလည်း ဗဟုသုတများ ရရှိစေရန်အတွက် ပြုစုသူရဲ့ ရူထောင့်ကနေ လေ့လာ သုံးသပ် တင်ပြထားခြင်းသာ ဖြစ်ပါတယ်။
ယခုထုတ်ဝေလိုက်တဲ့ ဆော့ဝဲဟာ First Version ဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိနိုင်ပါတယ်။ ဆော့ဝဲကို အခါအားလျော်စွာ Update လုပ်သွားမှာမို့ ဆော့ဝဲအသုံးပြုသူများအတွက် အကျိုးရှိစေမယ့် အကြံပြုချက်များကို ကြိုဆိုပါတယ်။ ဒီဆော့ဝဲဟာ တရားရုံးများမှာ ကိုးကားဖို့မဟုတ်ဘဲ ဥပဒေအသုံးပြုသူများအတွက် လေ့လာရလွယ်ကူစေရန်နှင့် ဗဟုသုတများ ရရှိစေရန်သာ ရည်ရွယ်ပါကြောင်း အသိပေး တင်ပြလိုပါတယ်။
လေးစားစွာဖြင့်
မာလာမိုး (ဥပဒေ)
Similar Apps
Basic Korean Speaking
Korean language is very systematic and we bring each component to be...
EPS-ToPIK I
တောင်ကိုရီးယားသို့ နိုင်ငံခြားသား အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင် လိုသူများ ဖြေဆိုရမည့် EPS-ToPIK စာမေးပွဲ အထောက်အကူ App ကလေး...
Myanmar Law
Most of Myanmar laws are available free on the Internet and they...
သက်သေခံ အက်ဥပဒေ
သက်သေခံ အက်ဥပဒေကို ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက ပြစ်မှုကြောင်းအရ စွဲဆိုသော အမှုများအပြင် တရားမကြောင်းအရ စွဲဆိုသော အမှုများမှာလည်း အသုံးပြုကြပါတယ်။ သက်သေခံဥပဒေအရ...
EPS-ToPIK II
ဒီဆော့ဝဲကတော့ EPS-ToPIK II သင်ရိုးစာအုပ်ရဲ့ ဒုတိယပိုင်း အခန်း ၃၁ မှ ၆၀ ထိ ထည့်သွင်းပေးထားပါတယ်။...
Dhammapada (ဓမ္မပဒ)
ဓမ္မပဒ ကို ပါဠိဘာသာပြန်ကို ပိဋကမြန်မာပြန် ဖတ်ဘူးသည်။ အကောင်းဆုံးကျမ်းစာ တစ်ဆူဖြစ်သည်ဟုလည်း ကြားဖူးပါသည်။ အသေးစိပ်ဖတ်ကြည့်ရန် စိတ်ကူးထားသည်။ သို့သော်လည်း အခွင့်မသင့်သဖြင့်...