Guide To Buddhist Morals
A guide to Buddhist morals for youths. The story of Buddha and his teachings.
About Guide To Buddhist Morals
ဤစာအုပ်ငယ်သည် ကမ္ဘာအေးဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ) ဘဒ္ဒန ္တပညာဒီပ စုစည်း ရေးသားထားသော ဗုဒ္ဓစာပေ လက်ရာကောင်း တစ်ခုဖြစ်ပါသည်။
ဆရာတော်သည် ယနေ့ခေတ် လူငယ်လူရွယ်များအတွက် များစွာ စေတနာထား၍ အင်္ဂလိပ်ဘာသာဖြင့် ပီပြင်စွာရေးသားထားသည်ကို ဖတ်ရှုလေ့လာရသည့်ပြင် မိမိကိုယ်တိုင်လည်း အင်္ဂလိပ်စာကို ကိုယ်တိုင်ဆည်းပူးနေသူတစ်ယောက်ဖြစ်ခဲ့သဖြင့် အကျိုးကျေးဇူးကြီးမားလှသော ဆရာတော်၏ ဂုဏ်ကျေးဇူးကို အများသိရှိ လေ့လာနိုင်စေရန်နှင့် တိကျလေးနက်လှသည့် ဗုဒ္ဓဝင်ကို အချိန်တိုအတွင်း နားလည်စေရန် Android App တစ်ခုဖြင့် ဓမ္မဒါနပြု ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။
ဆရာတော်သည် မူလစာချ ဓမ္မာစရိယဘွဲ့၊ မဟာဝိဇ္ဇာ (M.A.)ဘွဲ့၊ ဗုဒ္ဓဒေသနာကျမ်းပြု(B.D.) ဘွဲ့တို့ကို ရရှိခဲ့ကြောင်းနှင့် ၁၉၅၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ဗုဒ္ဓသာသနာပြု သံဃာ့တက္ကသိုလ် ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် ဆရာတော်သည် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ကျမ်းပေါင်းများစွာ ရေးသားခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓဝိပဿနာဗိမာန် (World Buddhist Meditation Institute) တည်ရာ ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် (အမှတ် ၅၊ ပန်းပင်ကုန်း၊ နာဂလိုဏ်ဂူ အရှေ့ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပါသည်။
ဤစာအုပ်သည် ပြည်ပရောက်ရှိနေကြသော မြန်မာပြည်ဘွား မြန်မာမိသားစုများ၏ သားသမီးများ၊ ပြည်တွင်းမှ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများနှင့် ဓမ္မစကူးကျောင်းသား/ကျောင်းသူများ၊ အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူနေသူအားလုံးအတွက် Android App ဗုဒ္ဓဝင် လက်စွဲ စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း။
Similar Apps
Basic Korean Speaking
Korean language is very systematic and we bring each component to be...
Myanmar Law
Most of Myanmar laws are available free on the Internet and they...
Dhammapada (ဓမ္မပဒ)
ဓမ္မပဒ ကို ပါဠိဘာသာပြန်ကို ပိဋကမြန်မာပြန် ဖတ်ဘူးသည်။ အကောင်းဆုံးကျမ်းစာ တစ်ဆူဖြစ်သည်ဟုလည်း ကြားဖူးပါသည်။ အသေးစိပ်ဖတ်ကြည့်ရန် စိတ်ကူးထားသည်။ သို့သော်လည်း အခွင့်မသင့်သဖြင့်...
EPS-ToPIK I
တောင်ကိုရီးယားသို့ နိုင်ငံခြားသား အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင် လိုသူများ ဖြေဆိုရမည့် EPS-ToPIK စာမေးပွဲ အထောက်အကူ App ကလေး...
Myanmar Investment Law
Knowing one's country rules and regulations will be a good choice if...
Learning Burmese
This application will introduce to you to be able to quickly pick...